H1N1 ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ယနေ့ တစ်ရက်တည်းမှာပင် (၄) ဦးသေဆုံး

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဇူလိုင် ၁၁ ရက်နေ့အထိ H1N1 ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၄၁ ဦးရှိလာပြီး ယနေ့ ဇူလိုင် ၁၁ ရက်နေ့ တစ်ရက်တည်းတွင်ပင် ၄ ဦးသေးဆုံးခဲ့ခြင်းဖြစ်ကြောင်း အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရပါတယ်

ယခုနှစ်ဇန်န၀ါရီလမှ ဇူလိုင်လ ၁၀ ရက်နေ့အထိ H1N1 သံသယ လူနာ ၅၃၇ ဦးအနက် အတည်ပြုရောဂါပိုးတွေ့ရှိသူ ၁၉၅ ဦး ရှိနေရာ သေဆုံးသူလူနာ ၃၇ ဦးအထိ ရှိခဲ့ပြီး ယနေ့ ၄ ဦးထပ်မံသေဆုံးခဲ့ခြင်းဖြစ်သည်။

ဇူလိုင်၊၁၁ရက်ရန်ကုန်ဆေးရုံကြီးတွင် ရာသီတုပ်ကွေး H1N1 ကူးစက်ရောဂါဖြင့် ကွယ်လွန်သည်ဟုယူဆရသော အမျိုးသမီး (၂)ဦး နှင့် မြောက်ဥက္ကလာပဆေးရုံကြီးတွင် ကွယ်လွန်သွားသော (၅)နှစ်အရွယ် သမီးလေး(၁)ဦး တို့၏ ရုပ်အလောင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) နိဗ္ဗာန်ယာဉ်ဖြင့် ရေဝေးသို့ (အခမဲ့) ပို့ဆောင်ကူညီပေးခဲ့ကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)ထံမှသိရသည်။

H1N1 ကြောင့် သေဆုံသူလူနာအများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်ကြောင်း၊ မြို့နယ်အလိုက် ရာသီတုပ်ကွေးရောဂါ ဓာတ်ခွဲအတည်ပြုဖြစ်ပွားသေဆုံးသူဦးရေစာရင်းအရ ဖြစ်ပွားသူဦးရေ အများဆုံးမှာ လှိုင်သာယာ၊ ဒဂုံမြို့သစ်(တောင်)၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်(အရှေ့)၊သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ် (မြောက်)၊ ကြည်မြင်တိုင်၊ မရမ်းကုန်း၊ သာကေတမြို့နယ်များဖြစ်ပြီး သေဆုံးသူဦးရေအများဆုံးမှာ လှိုင်သာယာ၊ ဒဂုံမြို့သစ်(တောင်)ပိုင်းတို့ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ref-ဇွဲခန့် (isee media)

Leave a Reply

Your email address will not be published. Required fields are marked *