လူတစ်ယောက်အထုတ်လေးတစ်ထုတ်နဲ့လမ်းလျှောက်လာတာမြင်လို့ကားပေါ်တင်ပြီးဘယ်သွားမလဲမေးလိုက်သောအခါ …ဗျာ..ဆိုပြီး အံ့ဩ သွားရတဲ့ဖြစ်ရပ်…..

ကသာ အင်းတော် လမ်းပေါ် ကသာမြို့အထွက် သုံးခွရွာအနီး လူတစ်ယောက် အထုတ်လေးတစ်ထုတ်နဲ့ လမ်းလျှောက်လာတာမြင်လို့ ကားလေး ခဏရပ်ပြီး ဦးလေးဘယ်လဲလို့မေးလိုက်မိတယ်။

ဒီနားတင်တဲ့ ဒီနားက ဝေးလားလို့ ကျနော့်ကားပေါ် လိုက်ခဲ့လေ ကသာသွားမှာဆိုတော့ ကားပေါ်တက်လာပြီး နဲနဲဝေးတယ်တဲ့ မြစ်ကြီးနားသွားမှာ စရိတ်ပြတ်လို့ လမ်းလျှောက်နေတာ မနေ့ညထဲက ထီးချိုင့်က လျှောက်ခဲ့တာတဲ့.ဗျာဆိုပြီး အံ့ဩသွားတော့ ဆက်ပြောတယ်။

မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်က သူ့သား အိမ်က ထွက်သွားတာ ၈ လရှိပြီမို့ စိတ်ပူပြီးလိုက်ရှာနေရင်း တစ်လကျော်ကြာသွားလို့ စရိတ်ပြတ်သွားတာဆိုဘဲ။

ဦးလေး ထမင်းစားပြီးပြီလားဆိုတော့ သူများကြွေးလို့ ခေါက်ဆွဲတစ်ပွဲစားထားတယ်ဆိုတာနဲ့ အဲ့ဒါဆို ကျနော်ထမင်းကြွေးမယ်။

ပြီးရင် ကားဂိတ် ပို့ပေးမယ်ပြောတော့ ထမင်းမဆာပါဘူးဆိုလို့ ကဲအဲ့ဒါဆိုဦးလေး ကျနော့်မှာ ပိုက်ဆံ ၅၀၀၀ ရှိတယ် ဦးလေးယူထားလိုက်ပါ။

ပြီးရင် ကားကို အကြိုးကြောင်းပြောပြီး စီးသွားပါလို့ ပြောလိုက်တော့ ပိုက်ဆံယူတဲ့လက်လေးတွေတောင် တုန်လို့။၂၁ နှစ် အရွယ် သားကို လိုက်ရှာနေတဲ့ ဖခင်တစ်ယောက်ရဲ့မျက်ဝန်းထဲမှာ ကလေးငယ်လေးလိုက်ရှာနေသလိုဘဲ။

ဖြစ်နိုင်ရင် မြစ်ကြီးနား ကားပေါ် တင်ပေးလိုက်ချင်တာ ပိုက်ဆံတစ်ကယ်ကို မရှိတောလို့။facebook ကနေ့ တင်ကြည့်မယ် ဦးလေးဓာတ်ပုံ ရိုက်ရမလားဆိုတော့ ရိုက်ပါတဲ့ သူ့သားမှာ ဖုန်းရှိပါတယ်တဲ့။

မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်က အသက် ၂၁ နှစ် ညီလေး စိုးသီဟ ဒီပို့စ်ကို ဖတ်မိရင် အိမ်ပြန်နိုင်အောင် ကြိုးစားစေချင်တယ် မင်းအဖေ စိတ်ပူနေတယ်ညီလေး….

အော် …..ဖခင်မေတ္တာ ကြီးမားပုံများ…..။

#NanAung

Leave a Reply

Your email address will not be published. Required fields are marked *