Uncategorized Archive

ဝါဆိုသင်္ကန်းဖြစ်ပေါ်လာပုံနှင့် ဝါကပ်ခြင်းအကြောင်း သိကောင်းစရာ

ဝါဆို ဆိုသောဝေါဟာရ “ဝါဆို” ဆိုသောဝေါဟာရမှာ “ဝါ”သည် ပါဠိစကားလုံး “ဝါသ”မှဆင်းသက်လာ၏။ “နေခြင်း”ဟုအနက်ရ၏။ “ဆို”မှာရွတ်ဆိုခြင်းဖြစ်၏။ ထို့ကြောင့် ဝါဆို၏အနက်သည် “နေထိုင်ခြင်းကို ရွတ်ဆိုခြင်း”ဟူ၏။ ဗုဒ္ဓသာသနာ့ဝန်ထမ်းရဟန်းတော်များသည် ဝိနည်းတော်အတိုင်း ဝါတွင်းသုံးလပတ်လုံး တစ်ရပ်တစ်ပါးသို့ မသွားဘဲ တစ်ကျောင်းတစ်နေရာတွင် သီတင်းသုံးပါမည်ဟုရွတ်ဆိုအဓိဌာန်ပြုကာ ဝါကပ်ကြသည်ကို ရည်ပြီး ဝါဆိုလဟုခေါ်သည်။ #လမြတ်ဝါဆို ဝါဆိုလအခါ ရာသီသည် ဗုဒ္ဓနှင့် အသက်ဆိုင်ဆုံးလဟုလည်းဆိုရမည်ဖြစ်သည်။

လူတစ်ယောက်အထုတ်လေးတစ်ထုတ်နဲ့လမ်းလျှောက်လာတာမြင်လို့ကားပေါ်တင်ပြီးဘယ်သွားမလဲမေးလိုက်သောအခါ …ဗျာ..ဆိုပြီး အံ့ဩ သွားရတဲ့ဖြစ်ရပ်…..

ကသာ အင်းတော် လမ်းပေါ် ကသာမြို့အထွက် သုံးခွရွာအနီး လူတစ်ယောက် အထုတ်လေးတစ်ထုတ်နဲ့ လမ်းလျှောက်လာတာမြင်လို့ ကားလေး ခဏရပ်ပြီး ဦးလေးဘယ်လဲလို့မေးလိုက်မိတယ်။ ဒီနားတင်တဲ့ ဒီနားက ဝေးလားလို့ ကျနော့်ကားပေါ် လိုက်ခဲ့လေ ကသာသွားမှာဆိုတော့ ကားပေါ်တက်လာပြီး နဲနဲဝေးတယ်တဲ့ မြစ်ကြီးနားသွားမှာ စရိတ်ပြတ်လို့ လမ်းလျှောက်နေတာ မနေ့ညထဲက ထီးချိုင့်က လျှောက်ခဲ့တာတဲ့.ဗျာဆိုပြီး အံ့ဩသွားတော့ ဆက်ပြောတယ်။ မြစ်ကြီးနားမြို့